Friday, June 20, 2014

iPhone 5s ကို တစ်ပတ်ဌားခွင့်ရမည့် အစီအစဉ်

ခဏ ! မြန်မာမှာတော့ မဟုတ်ပါဘူး။

တရုတ်မှာလား..... ဆိုတော့ အဲမှာလည်း မဟုတ်ပါဘူး။

နေရာက အမေရိကန်မှာပါ။ T-Mobile လို့ခေါ်တဲ့ ဥရောပတိုက်အတွင်းရှိ ဆယ်လူလာ အခြေခံကာ တယ်လီကွန်မြူနစ်ကေရှင်တွေ ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီ တစ်ခုကပါ။ ထို ကုမ္ပဏီဟာ သင့်ကို ဖောက်သည်ဖြစ်စေချင်ကာ မားကတ်တင်း ဆင်တဲ့ သဘောမျိုး ဖောက်သည်ရှာတဲ့ သဘောမျိုးပါပဲ။ သူတို့ရဲ့ နက်ဝပ်ကို စမ်းသပ်မူတွေပြုလုပ်စေလို့ကာ iPhone 5S ကို တစ်ပတ်ဌားတဲ့ သဘောပါ။ ဒီအတိုင်း နက်ဝပ်ကို မျက်ကန်းပုံစံမျိုးဖြစ် သုံးစွဲချင်မှ ရှောင်ရှားစေလို့တဲ့ အနေအထားကို ပြသခဲ့ပါတယ်။ အဓိကကတော့ ဟန်းဆက်ကိုဆိုတာထက် ဖုန်းလိုင်းကို သုံးစေလို့တာ ဖြစ်ပါတယ်။

မ၀ယ်ခင် စမ်းသုံးစေကာ Apple ရဲ့ နောက်ဆုံးထုတ် ဟန်းဆက်ကို တစ်ပတ်တိတိ သုံးပြီး ပြန်ပေးရပါမယ်။ ဒီအတွက် သူတို့ T-mobile ၇ဲ့ ၀က်ဒ်ဆိုက်မှာ sign up လုပ်ပြီး ဒေါ်လာ ၇၀၀ အနည်းဆုံးရှိတဲ့ သင့်ရဲ့ ခရစ်ဒစ်ကဒ်ကို သူတို့က အပေါင်သဘောမျိုးနဲ့ထားရမှာပါ။ ဒီအတိုင်းတော့ မရပါဘူး။ US အတွင်းမှာ ကြိုက်သလောက် ဖုန်းပြောနိင်၊ မတ်ဆေ့ပို့နိင် ၊ စတာတွေကို လုပ်နိင်ပါတယ်။ ၂ရက်လောက်ကြာတဲ့အခါမှာတော့ သင့်ကို သူတို့က စမ်းသပ်မူက ဘယ်လိုလဲ ဘာလဲလို့မေးမှာ ဖြစ်ပါတယ်။ ရေစို၊ Screen ကွဲ ဒေါ်လာ ၁၀၀ ပါ။ ပျောက်သွားရင်တော့ ခရစ်ဒစ်ကဒ်ထဲမှာ ရှိတဲ့ ဒေါ်လာ ၇၀၀ လုံး" ပလုံ" ပါမယ်။ ဒီလို ၀န်ဆောင်မူမျိုးက ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ သူမတိုင်ခင် Verizon တို့လည်း လုပ်ခဲ့ဖူးပါတယ်။

Credit:Smart Pro Journal

Post By:MMIT


No comments:

Post a Comment