Sunday, June 22, 2014

သင့်တင့်သော နှုန်းဖြင့် ဟန်းဆက်များရောင်းရန် တယ်လီနောနှင့်ဆမ်ဆောင်းသဘောတူလက်မှတ်ထိုး

တယ်လီနောမြန်မာက ဆမ်ဆောင်း(Samsung) ကုမ္ပဏီနှင့်ပူးပေါင်း၍ ဈေးနှုန်းသင့်သော ဟန်းဆက်များ ရောင်းချပေးသွားရန် သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

‘‘အခုလက်မှတ်ရေးထိုးမှုက သမိုင်းမှတ်တိုင် စိုက်ထူမှုတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီနောနဲ့ ဆမ်ဆောင်းတို့အတွက် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍအတွက် အခွင့်အလမ်းများစွာကို စတင်လိုက်တာပဲဖြစ်ပါတယ်’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာဖာဘက်ခ်က ပြောသည်။

တယ်လီနော၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြည်သူများအား စတင်ပေးမည့်အချိန်တွင် ဆင်းမ်ကတ်များသာမကဘဲ ဈေးနှုန်းသင့်တင့်သော မိုဘိုင်းဟန်းဆက်များကိုပါ တွဲလျက် ရောင်းချပေးသွားရန်နှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်မူတို့ကို ပူးတွဲအကောင်အထည်ဖော်သွားမည်ဟုဆိုသည်။

‘‘တယ်လီနောနဲ့ ဆမ်ဆောင်း ကဈေးကွက်ဝန်ဆောင်မှုကို လက်တွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး အခုပူးပေါင်းမှုက မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုပြီးခိုင်မာလာစေ မှာ ဖြစ်ပါတယ်’’ ဟု Samsung Electronic မြန်မာ၏မန်နေဂျင်း ဒါရိုက်တာမစ္စတာနမ်ဆစ်အာက ပြောသည်။

တယ်လီနောမြန်မာအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုသည့် ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟု ဆိုသည်။

ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ရရှိထားသော ပြည်ပ ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အူရီးဒူးတို့မှာ ဈေးသက်သာသော ဆင်းမ်ကတ်များ ရောင်းချပေးခြင်းအပါအ၀င်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးရန် အပြိုင်ပြင်ဆင်လျက်ရှိသည်။ အူရီးဒူးက ဆင်းမ်ကတ်ရောင်းချရန် အပါအ၀င် တရုတ်ကုမ္ပဏီဖြစ်သော ဟွာဝေးနှင့် ပူပေါင်းလုပ်ကိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာကုမ္ပဏီမှ ရန်ကုန်နှင့် မန္တလေးမြို့တွင်Data Center များ တည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများကို အဓိကထား၍ 3G မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit:7Day Journal

Post By:MMIT


လေးထောင့်ပုံစံနှင့် Passport စမတ်ဖုန်းသစ်ကို Blackberry မိတ်ဆက်ပြသ

Blackberry ကုမ္ပဏီသည် ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချမည့် ဒီဇိုင်းသစ် စမတ်ဖုန်းကို ပထမဆုံးအကြိမ် ပြသလိုက်သည်။

စမတ်ဖုန်း ဈေးကွက်ထဲတွင် Appleနှင့် Samsungတို့၏ ကြီးစိုးမှုများကြောင့် ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရသည့် ကုမ္ပဏီကြီးသည် ဒီဇိုင်းပိုင်း အပြောင်းအလဲ ပြုလုပ်ထားသည့် လေးထောင့်စမတ်ဖုန်း တစ်လုံးကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ယင်းကို Passportဟု အမည်ပေးထားကြောင်း သိရှိရသည်။

ထူးခြားသော ပုံသဏ္ဌာန်နှင့် စမတ်ဖုန်းကို ဒီဇင်ဘာလတွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ဖုန်း၏ ထူးခြားချက် ဝိသေသများကို အတိအကျ ထုတ်ဖော် ပြောဆိုရန်မူ Blackberryက နှုတ်ဆိတ်လျက်ရှိသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ၏သစ် ဂျွန်ချန်းက Passportနှင့် ပတ်သက်သည့် အချက်အလက်များကို လန်ဒန်မြို့တွင် စက်တင်ဘာလ၌ ကြေညာမည်ဟုသာ ပြောကြားခဲ့သည်။ ဖုန်းတွင် သီးခြားKeyboardအပြင် ကြီးမားသည့် Touchscreen တစ်ခုကိုပါ တပ်ဆင်ထားသည်ကို တွေ့ရသည်။

ချန်းက Blackberryသည် ဇူလိုင်လတွင် Windows Phone OSကို အသုံးပြုထားသည့် စမတ်ဖုန်းသစ်ကိုလည်း မိတ်ဆက် ရောင်းချမည်ဟုလည်း ကြေညာထားသည်။

Credit:7Day Journal

Post By:MMIT


Samsung က Ooredoo Myanmar နှင့်လည်း လက်တွဲဆောင်ရွက်ရန် သဘောတူညီ

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar သည်၎င်းတို့၏ ဆင်းမ်ကတ်များ စတင်ရောင်းချသည့် အချိန်မှစတင်ပြီး ကုန်ကျစားရိတ်သက်သာသည့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် Samsung နှင့်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မကြာသေးမီ မိနစ်ပိုင်းအတွင်း ကသတင်းထုတ်ပြန်ခဲ့သည်။

Ooredoo Myanmar နှင့်ကိုရီးယား မိုဘိုင်းကုမ္ပဏီတို့၏ အဆိုပါပူးပေါင်းမှုသည် နော်ဝေဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Telenor နှင့် Samsung ကုမ္ပဏီတို့ ပူးပေါင်းလိုက်ပြီဆိုသည့် သတင်းများထွက်ပေါ်အပြီး နာရီပိုင်းအတွင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကိုရီးယားနိုင်ငံ၏ ကမ္ဘာကျော် Samsung မိုဘိုင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့်နိုင်ငံခြားကုမ္ပဏီ နှစ်ခုလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကာတာဆက်သွယ်ရေး လုပ်ငန်းနှင့် Samsung ကုမ္ပဏီတို့၏ ပူးပေါင်းမှုကြောင့် Galaxy Smart ဖုန်းများနှင့် Tablet များကို Ooredoo ဆင်းမ်ကတ်ရောင်းချသည့် အရောင်းဆိုင်များတွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit:Internet Journal

Post By:MMIT


အလုပ်အကိုင် ရှာဖွေရေးအတွက် Linkedin ရဲ့ App အသစ်

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆိုရှယ် အလုပ်အကိုင် ရှာဖွေရေး ဆိုဒ်တစ်ခုဖြစ်တဲ့ LinkedIn ဟာ အလုပ်တွေကို ပိုမိုလျှင်မြန်စွာနဲ့ သေချာစွာ ရှာဖွေ လာနိင်စေဖို့ မိုဘိုင်းထဲမှာ app ကို ထပ်မံ ထည့်သွင်းပေးလိုက်တယ်ဆိုတဲ့ သတင်းပါ။ Linkedin.com ဟာ အခုဆိုရင် မြန်မာနိင်ငံတွင် လည်း နိုင်ငံခြား လုပ်ငန်းရှင် ကုမ္ဗဏီတွေနဲ့ ပြည်တွင်း အလုပ်အကိုင်ရှာဖွေသူများအကြား ပေါင်းကူးတစ်ခုဖြစ်လာကာ ထိုသို့ အခွင့်အလမ်းတွေ ရရှိစေဖို့က ပထမဦးဆုံး Linkedin.com မှာ ပြည့်စုံတဲ့ ပါဆင်နယ် ပရိုဖိုင် တစ်ခုတော့ ရှိရန်လိုအပ်ပြီး ကိုယ်ရဲ့ CV ဖိုင်တွေနဲ့ ဆက်သွယ်ရန် အကြောင်းအရာ အချက်အလက်တွေကို မှန်ကန်စေဖို့တော့ ပြုမူထားရပါမယ်။

အခု အသစ် ထုတ်လိုက်တဲ့ app ဟာ အလုပ် ရှာဖွေမူတွေနဲ့ အလုပ် လျှောက်ထားမူ တွေဆီမှာ ပြုလုပ်နိင်မှာ ဖြစ်ပြီး မိုဘိုင်း အသုံးပြုသူတွေကို ရည်ညွှန်းကာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ Linkedin ကို မိုဘိုင်းကနေ အသုံးပြုသူတွေဟာ ၄၁ % ရှိနေတာကို ကုမ္ပဏီအနေနဲ့ နှစ်ကုန်ပိုင်းလောက်မှာ အရင် ၅၀ % ကဲ့သို့ တိုးတက်စေဖို့ မျှော်မှန်းထားခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ App မှာ အဆင့်မြင့် level ကဲ့သို့ အလုပ်ရှာဖွေမူ အစိတ်အပိုင်းတွေ ပါဝင်ကာ အလုပ်နေရာ၊နယ်ပယ်နဲ့အတူ ရှာဖွေထားတဲ့ အလုပ်တစ်ခုချင်းဆီကို မှတ်တမ်းပြု saved လုပ်ခြင်းတွေ ပြုနိင်ကာ ပြန်ကြည့်နိင်ပါမယ်။ ရှာဖွေကြည့်ရူထားတဲ့ အလုပ်တွေဆီကနေလည်း Noti တွေ၊ သတိပေးမူ အချက်ပြမူတွေကို ရရှိနိင်ပြီးအလုပ်လျှောက်သူတွေဟာ တစ်နေ့ထဲမှာတင် ပို့စ်တွေဆီမှ ပြန်လည် တုန့်ပြန် reply တွေကို ရရှိနိင်တဲ့ အတွက် အလုပ်အကိုင်ကို တကယ်ရရှိဖို့ ၁၀ ရာခိုင်နှုန်း သေချာကြောင်း Linkedin က ဆိုပါတယ်။ အလုပ်ရှာ၊အလုပ်လျှောက်အတွက် သီးသန့် ဖြစ်ပြီး တစ်ခြားလူကို အနှောက်အယှက်ဖြစ်စေမဲ့ သတင်းတွေ၊နဲ့ အခြားအရာတွေ မပါဘူးလို့ သိရပါတယ်။ ထိုအပြင် App အတွင်းမှာ ရှိနေစဉ် လုပ်သမျှကို တစ်ခြားသူတွေကိုလည်းမမြင်စေကာ ကိုယ်ပိုင် သီးသန့် ဖြစ်စေမှာ ဖြစ်ပါတယ်။

ထို အလုပ်ရှာဖွေမူ App ဟာ iPhone အသုံးပြုသူတွေဆီကို အရင်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး Android အသုံးပြုသူတွေ အတွက်ကတော့ ဒီနှစ်နှောင်းပိုင်းလောက်မှ ရရှိနိင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လောလောက်ဆယ် US အတွင်းမှာရှိတဲ့ iPhone အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပါတယ်။

Credit:Smart Pro Jorunal

Post By:MMIT


ကင်မရာ (၅) ခုနဲ့ စမတ်ဖုန်း

မကြာသေးခင်ကမှ Amazon က ထုတ်ပြန်လိုက်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Amazon Fire ဖုန်းလို့ခေါ်ပြီး ဂျူလိုင်လ ၂၅ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ အရှေ့ဘက်မှာ ရိုက်ကူးသူရဲ့ အနေအထားအမျိုးမျိုးကို ကျယ်ပြန့်စွာ ဖော်ပြနိင်တဲ့ ကင်မရာ ၅လုံးပါရှိပါတယ်။

အနောက်ဖက် ကင်မရာမှာ 13 Megapixel ရှိပြီး ကင်မရာတွေအားလုံးဟာ အနီအောက်ရောင်ခြည်တပ်ဆင်ပေးထားတဲ့အတွက်အလင်းရောင်နည်းပါးတဲ့နေရာတွေမှာပါ အဆင်ပြေစွာ ရိုက်ကူးနိင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ပါဝင်လာတာကတော့ 3D မျက်နှာပြင် Screen ဖြစ်ပါတယ်။ ၃ဖက်မြင် မြင်ကွင်းများကို မြင်ရမှာ ဖြစ်ပြီး ၀က်ဒ်ပေ့ခ်ျတွေကို သုံးနေတဲ့အခါမှာလည်း အောက်ကို လက်ဖြင့် ဆွဲကာ
ကြည့်ရူနိင်မည့်နေရာတွင်ဖုန်းကိုအနည်းငယ်စောင်းရုံနဲ့ အောက်ကို အော်တို ရောက်ရှိနိင်တဲ့ အစိတ်အပိုင်းတွေ ပါဝင်ထားပါတယ်။ နောက်ထပ်အနေနဲ့ အွန်လိုင်း
ရှော့ပင်းဆိုဒ်မှ ထုတ်ထားတဲ့အတွက် ဈေးဝယ်ကဒ်တွေကိုလည်း built-in အနေနဲ့ ထည့်သွင်းပေးထားပြီး Amazon ထုတ် ပစ္စည်း အဆက်အနွယ်တွေဖြစ်တဲ့ Amazon's Fire TV သို့လည်းကောင်း၊ X box နဲ့ အခြား Play station တွေသို့လည်းကောင်း ဖုန်းထဲမှာ ရှိတဲ့ အချက်အလက်တွေကို ရွှေပြောင်းနိင်ပါသေးတယ်။

ကုမ္ပဏီရဲ့ Kindle Fire line ထဲမှာပါဝင်တဲ့အတွက် စာဖတ်ရူရာမှာ ဖုန်းရဲ့ အစိတ်အပိုင်းတွေကတစ်ဆင့် အသံဖြင့် နားဆင်နိင်ပါသေးတယ်။ ဟုတ်ပါတယ်။ စာအုပ်ရဲ့ အော်ဒီယို ဗားရှင်းတွေကိုလည်း စကားပြောနေစဉ် ကားမောင်းနေစဉ် စတဲ့အချိန်တွေမှာ နားဆင်နိင်ပါတယ်။ သီချင်းတွေနားဆင်ရာမှာလည်း X-ray အစိတ်အပိုင်းပါဝင်တာမို့ နားဆင်နေတဲ့ သီချင်းတွေကို စာသားတွေပါ တစ်ခါတည်း ဖော်ပြပေးနိင်မယ်။ ဓာတ်ပုံများအတွက် Amazon cloud
ရဲ့ ၀န်ဆောင်မူထဲမှာ အကန့်အသတ်မရှိ အခမဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းနိင်မဲ့ ၀န်ဆောင်မူကိုလည်း ရရှိနိင်မှာ ဖြစ်ပါတယ်။

၎.၇ လက်မ မျက်နှာပြင်ရှိပြီး ၊ 2.2 GHz quad-core processor သုံးကာ ဂရပ်စ်ဖက် အတွက် Adreno 339 processor ကိုသုံးပါတယ်။ RAM 2GB ရှိပြီး Fire OS လို့ခေါ်တဲ့ Amazon ရဲ့ Android custom ဗားရှင်းကို သုံးထားပါတယ်။ ဂျူလိုင် ၂၅ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး US မှာဆိုရင်တော့ AT&T ဖုန်းစီစဉ်သူ ကုမ္ပဏီက သီးသန့်ရရှိမှာ ဖြစ်ပြီး 32GB နဲ့ 64 GB ဆိုပြီး ဗားရှင်းနှစ်မျိုးရရှိပါတယ်။ Amazon.com မှာ ၀ယ်မယ်ဆိုရင်တော့ ဒေါ်လာ ၆၄၉ ကျသင့်မှာ ဖြစ်ပါတယ်။

Ref: အောင်ဟိန်း ( ရိုးရာလေး )

Post By: MMIT


 

၂.၅ လက်မ screen ပါဝင်သည့် Apple #iWatch ကို အောက်တိုဘာလတွင် ရောင်းချမည်ဟုဆို

ပါးလျသည့် ထောင့်မှန်စတုဂံ display ပါဝင်သော Apple ထုတ်ကုန်တစ်ခုကို ဇူလိုင်လတွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

Apple က ငှားရမ်းထားသည့် Quanta သည် အောက်တိုဘာလထက် နောက်မကျဘဲ မိတ်ဆက်ပေးရန် စီစဉ်သည့် အနေဖြင့် ဝတ်ဆင်နိုင်သောထုတ်ကုန်ကို ဇူလိုင်လတွင် စတင်ထုတ်လုပ်မည် ဖြစ်ကြောင်း Reuters က ဖော်ပြခဲ့သည်။

အဆိုပါ စမတ်နာရီကို iWatch ဟု အမည်ပေးထားပြီး အရွယ်အစား ၂.၅ လက်မရှိသည့် display တစ်ခု ပါဝင်ကြောင်း အထက်ပါ သတင်းဌာနက ပြောကြားခဲ့သည်။ ယခင် သတင်းဖော်ပြချက်များတွင်မူ Apple ၏ နာရီသည် သေးငယ်ဖွယ်ရှိပြီး အရွယ်အစား ၁.၅ လက်မထက် မပိုကြောင်း၊ ၎င်းကို စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

အကယ်၍ Apple အနေဖြင့် စမတ်နာရီ တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါက ကိုယ်ပိုင် စမတ်နာရီ ထုတ်လုပ်ထားကြသည့် Samsung, Sony နှင့် LG တို့ဖြင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်။
 

Apple စမတ်နာရီနှင့် ပတ်သက်၍ ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ကုမ္ပဏီအနေဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုများ မပြုလုပ်သေးပေ။

Reuters ၏ အဆိုအရ Apple စမတ်နာရီ၏ မျက်နှာပြင်သည် လက်ပတ်ကြိုးမှ အပေါ်သို့ အနည်းငယ် မြင့်တက်နေပြီး ၎င်းတွင် ကြိုးမဲ့အားသွင်းစနစ်များနှင့် touch interface တို့ပါဝင်ကြောင်း သိရသည်။

Apple သည် စမတ်နာရီ တင်ပို့ရောင်းချမှုကို ပထမနှစ်အတွင်း အလုံးရေ သန်း ၅၀ ရှိရန် မျှော်မှန်းထားကြောင်း Reuters က ဖော်ပြခဲ့သည်။

Ref: CNET

Post By: MMIT