Google က ဘရာဇီး မှာ ကျင်းပမယ့် ၂ဝ၁၄
ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန်
ပြုလုပ်ပေးလိုက်ပါသည်။ Google တွင် “World Cup” သို့မဟုတ် “World Cup USA”
ဟု ရိုက်ပြီးရှာလျှင် နောက်ဆုံး
သတင်းအချက်အလက်များ ၊ ကစားသမားများ၏ သတင်းများ ၊ ပွဲအခြေအနေများ ကို
အချိန်နှင့် တစ်ပြေးညီ တစ်နေရာထဲတွင် ပြသပေးမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် Google Trends ဝန်ဆောင်မှု ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။
Twitter ကလည်း Google ကဲ့သို့ ကမ္ဘာ့ဖလားပွဲ ၏ နောက်ဆုံးရ သတင်းများကို ပြသပေးသည့် အစီအစဉ် ကို ပြုလုပ်ပေးမည် ဟု သိရပါသည်။
စမတ်ဖုန်းမှ Google Now တွင် ပွဲတွင် ပါဝင်မည့် လူစာရင်းများ၊
ကစားကွက်များ နှင့် အခြား သတင်းအချက်အလက်များကို ရှာရန် မလိုဘဲ ပြသပေးမည်
ဖြစ်သည်။
Google က ကမ္ဘာ့ဖလား ဘောလုံးကွင်း (၁၂) ကွင်း ၏
အတွင်းပိုင်း သာမက အပြင်ပိုင်းကိုပါ Google Map ရှိ Street View တွင် ကြည့်နိုင်ရန် ပြုလုပ်ပေးထားပါသည်။ ဘောလုံးကွင်းများကို အောက်ကလင့်
မှတစ်ဆင့် ကြည့်နိုင်ပါသည်။
https://www.google.com/maps/views/streetview/brazils-world-cup-stadiums?gl=us
ဆေးရောင်စုံများ ခြယ်သထားသည့် ဘရာဇီးလမ်းမများကို အောက်ကလင့်မှတစ်ဆင့် ကြည့်နိုင်ပါသည်။
https://www.google.com/maps/views/streetview/brazils-painted-streets?gl=us
Credit:Myanmar Digital Life Journal
Post by:MMIT
Sunday, June 15, 2014
SoundCloud ကို ဝယ်ယူရန် Twitter စီစဉ်နေဟုဆို
နာမည်ကျော် microblogging ဆိုက်ဖြစ်သည့် Twitter
သည် သီချင်းနှင့် အသံဖိုင်များကို ဝေမျှပေးသည့် SoundCloud ကို ဝယ်ယူရန်
စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို
Recode က ဖော်ပြချက်အရ သိရသည်။
ဘာလင်အခြေစိုက် SoundCloud သည် သုံးစွဲသူများက ဝက်ဘ်ပေါ်တွင် အသံဖိုင်များကို တင်ကာ ဝေမျှပေးနိုင်သည့် အခမဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုသူသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် သန်း ၂၅၀ ရှိခဲ့သည်။
အကယ်၍ Twitter အနေဖြင့် SoundCloud ကို ဝယ်ယူဖြစ်ခဲ့ပါက အဆိုပါ ဝယ်ယူမှုသည် Twitter အတွက် အကြီးမားဆုံး ဝယ်ယူမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းက ကုမ္ပဏီ၏ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၆၀ ရှိပြီး ကုမ္ပဏီ၏ တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ရှိကြောင်း SoundCloud က ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း Twitter က အများပိုင်အဖြစ်သို့ ပြောင်းလဲရန် စီစဉ်ခဲ့ချိန်တွင် MoPub မိုဘိုင်းကြော်ငြာ ကုမ္ပဏီကို ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့သည်။
SoundCloud ဝယ်ယူရန် ကြိုးပမ်းမှုသည် သုံးစွဲသူများအား သီချင်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဝေမျှခြင်းတို့ ပြုလုပ်နိုင်စေရန် Twitter ၏ ဒုတိယမြောက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Twitter သည် stand-alone Twitter Music app ကို ဖြန့်ချိခဲ့သော်လည်း မတ်လတွင် အဆိုပါ app အသုံးပြုခွင့်ကို Twitter က ရပ်ဆိုင်းခဲ့သည်။
Credit:Internet Journal
Post By:MMIT

၁၁မိနစ်ထဲနဲ့ 5GB ဒေတာတွေကို ကူးပြောင်းနိုင်တဲ့ LTE
Nokia နဲ့ ကိုရီးယား ဖုန်းကုမ္ပဏီနှစ်ခုရဲ့ စမ်းသပ်ထားတဲ့ Demo LTE ရဲ့ မြန်နှုန်းအကြောင်း ဖြစ်ပါတယ်။
လောလောဆယ် ကမ္ဘာပေါ်က ဘယ်ဖုန်းမှာမှ ထိုမြန်နှုန်းနဲ့ မရရှိသေးပါဘူး။ ထိုအမြန်နှုန်းဟာဖြင့် သင့်ရဲ့
ဟန်းဆက်ထဲမှာ ရှည်လျားတဲ့ ဒေါင်းလုတ် Movie ဗီဒီယို ဇာတ်ကားတွေကို ၁၁မိနစ်ထဲနဲ့ ဒေါင်းလုတ်
ရယူနိုင်တဲ့နှုန်း ဖြစ်နိုင်ပါတယ်။
သတင်းအရတော့ သိပ်ကို ကြီးမားတဲ့ တိုးတက်မြှင့်တင်မှုပါပဲ။ များသောအားဖြင့် LTE နက်ဝပ်လက်ခံမှု နှုန်းဟာ 150Mbps နားလောက်မှာသာဖြစ်ပြီး မိုင်ကုန် LTE Advance က 300Mbps မှာ ဖြစ်ပါတယ်။ ထို Nokia နဲ့ ကိုရီးယား ကုမ္ပဏီ SK တို့ရဲ့ ထင်ရှားစေခဲ့တဲ့ စူပါမြန်နှုန်းမြှင့် နက်ဝပ်နှုန်းက 3.7Gbps မှာ ဖြစ်ပါတယ်။ ထိုမြန်နှုန်းဟာဖြင့် 5Gbps ရှိတဲ့ ဖိုင်တွေကို ၁၁မိနစ်အတွင်းမှာ ကူးပြောင်း ရရှိစေတဲ့နှုန်း ဖြစ်ပါတယ်။
Credit:Smart Pro Journal

Samsung ရဲ့ နောက်ဆုံးထွက် Galaxy Tab S
Sansung ရဲ့ နောက်ဆုံးထွက် Galaxy Tab S နဲ့ iPad နှိုင်းယှဉ်ချက်
ပြီးခဲ့တဲ့ ရက်အနည်းငယ်က စတင်ကြောငြာခဲ့တဲ့ Galaxy Tab S ဟာ ကျတော်တို့ မြင်နေကြဖြစ်တဲ့ iPad နဲ့ ယှဉ်ပြိုင်စရာ Tablet တစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Galaxy Tab Sဟာ အကြီးဆိုဒ်နဲ့ အသေးဆိုဒ်ဆိုပြီး အရွှယ်အစား နှစ်မျိုးထဲမှာ သူရဲ့ ယှဉ်ပြိုင်ဖက် Apple ကဲ့သို့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
iPad ရဲ့ ဗားရှင်း (၂)ခုလုံးဖြစ်တဲ့ iPad Mini နဲ့ 9.7 လက်မ ဆိုဒ် နှစ်ခုလုံးဟာ မျက်နှာပြင် ရုပ်ထွက် resolution, Processor, သိုလှောင်မူတွေကအစ တူညီလျက်ရှိပြီး ဆိုဒ်အရွယ်အစား သာလျှင် ခြားနားပြီး Galaxy Tab S ကတော့ 8.4 လက်မ နဲ့ 10.5 လက်မ ဖြစ် တည်ဆောက်ဖွဲ့စည်း ထားခဲ့တာ ဖြစ်ပါတယ်။
အောက်ဖက်မှာ နှိုင်းယှဉ်မူ အချို့ကိုဖော်ပြလိုက်ပါတယ်။
Samsung Galaxy Tab S
---------------------------------
မျက်နှာပြင်ဆိုဒ် အရွယ်အစား- Two models: 8.4 inches; 10.5 inches
ရုပ်ထွက် - 2,560 x 1,600
အရွယ်အချိုးအစား - 8.4 x 4.3 x 0.25 inches; 9.7 x 6.9 x 0.25 inches
လည်ပတ်မူ စနစ် - Android KitKat (4.4)
ပရိုဆက်ဆာ - Samsung Exynos 5 Octa (1.9GHz quad-core + 1.3GHz quad-core) or
Qualcomm Snapdragon 800 2.3GHz Quadcore (region dependent)
ဘတ္ထရီသက်တမ်း - Up to 11 hours
သိုလှောင်မူနေရာ - 16, 32GB (with microSD up to 128GB)
ကင်မရာ - 8MP w/ LED Flash + 2.1MP Full HD
ဈေးနှုန်း - Wi-Fi: $399.99; $499; LTE pricing not announced
××××××××××××××××××××××××××
iPad
-------
မျက်နှာပြင်ဆိုဒ် အရွယ်အစား - Two models: 7.9 inches; 9.7 inches
ရုပ်ထွက် - 2,048 x 1,536
အရွယ်အချိုးအစား - 7.87 x 5.3 x 0.29 inches; 9.5 x 7.31 x 0.37 inches
လည်ပတ်မူ စနစ် - iOS
ပရိုဆက်ဆာ - Apple A7 chip with 64-bit architecture, M7 motion coprocessor
ဘတ္ထရီသက်တမ်း - Up to 10 hours
သိုလှောင်မူနေရာ - 16, 32, 64 or 128 GB
ကင်မရာ - 1.2MP front, 5MP rear
ဈေးနှုန်း - Wi-Fi: $399 16GB, $499 32GB, $599 64GB, $699 128GB;
LTE: $529 16GB, $629 32GB, $729 64GB, $829 128GB

Subscribe to:
Posts (Atom)