Friday, June 13, 2014

မြန်မာလူငယ်ပေါင်း အယောက်တစ်သိန်း Microsoft အသိအမှတ်ပြု လက်မှတ်ဖြင့် လုပ်ငန်းခွင်အသင့် ဝင်နိုင်ရန်စီစဉ်

မြန်မာလူငယ်ပေါင်း အယောက်တစ်သိန်း Microsoft အသိအမှတ်ပြုလက်မှတ်ဖြင့် လုပ်ငန်းခွင်အသင့် ဝင်နိုင်မည့် အစီအစဉ်တစ်ရပ်ကို Microsoft ကုမ္ပဏီနှင့် MCC Group တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လာမည့်သုံးနှစ်အတွင်း မြန်မာလူငယ်တစ်သိန်းခန့်ကို Microsoft ၏ Cloud Computing နှင့်ခေတ်မီ နောက်ဆုံးပေါ် နည်းပညာများကို သင်ကြားပေးသွားမည်ဟု Microsoft အာရှပစိဖိတ်ဒေသမှ ဥက္ကဌ Mr.Cesar Cernuda က ယနေ့ပြောကြားသည်။ “ကျွန်တော်တို့က MCC အနေနဲ့ Microsoft ရဲ့ Gold Learning Partner အနေနဲ့ ဆောင်ရွက်လုပ်ကိုင်လို့ MCC မှာ တက်တဲ့ကျောင်းသားတွေပဲ ဒီအခွင့်အရေးကိုရမယ်လို့ ခွဲခြားထားတာမရှိပါဘူး၊ တက္ကသိုလ်တွေမှာတက်နေတဲ့ ကျောင်းသားတွေလည်း ဒီအသိအမှတ်ပြု လက်မှတ်ရရှိအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု MCC Group ၏ ဥက္ကဌ ဦးတင်ဝင်းအောင်က ပြောသည်။

အဆိုပါဆောင်ရွက်ချက်ကို လအနည်းငယ်အတွင်း စတင်အကောင်အထည်ဖော်မည်ဟု သိရပြီး Cloud Computing, Cloud Services နှင့် App Development စသည့် နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်သည်။

Credit:Internet Journal

Post By:MMIT


ကွေးညွှတ်ထားသည့် screen ပါဝင်သော Galaxy Note 4 ကို IFA ပြပွဲတွင် Samsung မိတ်ဆက်ဖွယ်ရှိ

Samsung သည် စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် IFA ပြပွဲ၌ Galaxy Note 4 ဗားရှင်းနှစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း Korea Times သတင်းဌာနက ဖော်ပြခဲ့သည်။

Galaxy Note 4 ဗားရှင်းနှစ်မျိုးအနက် ပထမဗားရှင်းမှာ ပုံမှန် screen နှင့်ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ကွေးညွှတ်ထားသည့် OLED display ကို အသုံးပြုထားကြောင်း သိရသည်။

Galaxy Note 4 တွင် QHD (2560x1440) display, Qualcomm Snapdragon 805 ပရိုဆက်ဆာနှင့် 16-megapixel ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၎င်း စမတ်ဖုန်းသစ်နှင့်အတူ Samsung က အသုံးတည့်စေမည့် ဝတ်ဆင်နိုင်သော ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်ပြသဖွယ်ရှိကြောင်း၊ Google Glass နှင့် ယှဉ်ပြိုင်မည့် Gear Glass ထုတ်ကုန်ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။ ထို့အပြင် တတိယမျိုးဆက် Samsung စမတ်နာရီများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရဖွယ်ရှိပြီး၊ Android Wear ကို အခြေခံထားသည့် SIM ထည့်သွင်းနိုင်သော Gear 2 နှင့် Gear Solo ဗားရှင်းများကိုလည်း တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။

Credit:Internet Jorunal

Post By:MMIT


iPhone ဖြင့် မိုဘိုင်းဂိမ်း ကစားသူများအတွက် Razer JungleCat

iPhone 5 သို့မဟုတ် 5S ဖြင့် မိုဘိုင်းဂိမ်း ကစားရာတွင် ဂိမ်းခလုတ်ဖြင့် ကစားလိုသူများ အတွက် သင့်လျော်သည့် iPhone ဂိမ်းခလုတ် ဖြစ်သည်။ D-pad, ABXY ခလုတ်များနှင့် bumper များ ပါဝင်သည်။ ဂိမ်းကစားလိုသည့်အခါ ဘေးကို တွန်းထုတ်ရုံဖြင့် ကစားနိုင်ပြီး ဂိမ်းကစားမှု ပြီးဆုံးသည့်အခါ slide ကို အထဲသို့ ပြန်တွန်းပြီး သိမ်းထားနိုင်သည်။
 

အမြင့်မှ ပြုတ်ကျသည့် ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် ဂိမ်းကစားရင်း လွတ်ကျသည့် အန္တရာယ်ကိုလည်း စိုးရိမ်စရာ မလိုပေ။ ဒါ့အပြင် Razer JungleCat iOS app ဖြင့် ခလုတ်များကို စိတ်တိုင်းကျ ပြင်ဆင်နိုင်သည်။ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၉၉.၉၉ ဖြင့် Razer မှ ဝယ်ယူနိုင်သည်။
 

Credit:Internet Journal

Post By:MMIT


Huawei ရဲ့ အသစ်ဖွင့်လိုက်တဲ့ အွန်လိုင်းစတိုး

ပုံမှန် အခြေခံမူပေါ်က Huawei ရဲ့ ဆော့ဝဲလ်အသစ်တွေကို ရရှိစေပြီး တစ်ချို့တွေကို အခမဲ့ ရရှိစေပါမယ်လို့ ကတိဆိုခဲ့ပါတယ်။
အခုထိတော့ ထို https://www.gethuawei.com/ ထဲတွင် ဖုန်းနဲ့ ဖုန်းအသုံးဆောင် ပစ္စည်း အချို့ကို တွေ့မြင်နိင်မှာ ဖြစ်ပါတယ်။ အဓိက က သူရဲ့ ဆင်းကဒ်Unlocked ဖုန်းတွေအတွက် ရောင်းဖို့ ဖွင့်ခဲ့တာပါ လို့ဆိုပါတယ်။ တစ်ချို့သော လိုအပ်တဲ့ ဆော့ဝဲတွေကိုလည်း အခမဲ့ရယူနိင်တာ ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်ခြင်းဖြင့် Huawei ဖုန်း Brand ဟာ ကိုင်ဆောင် ၀ယ်ယူရတာ တန်တယ်ဆိုတဲ့ ဆွဲငင်မူတစ်ခုကို လူတွေဆီကို တိုက်ရိုက်ေ၇ာက်ရှိအောင်
ကြိုးစားခြင်း တစ်ခုဖြစ်ပါတယ်။ နိင်ငံတကာဖက်ခြမ်းမှာ Huawei ရဲ့ ပုံရိပ်ကို လည်းတိုးတက်စေပါတယ်။

Credit:Smart Pro Journal

Post By:MMIT



မိုဘိုင်းဖုန်းနဲ့ ကျန်းမာရေး

အရာရာတိုင်းက ကောင်းတဲ့သက်ရောက်မှု ရှိသလို တစ်ခြားတစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ ရှိနေတာကတော့ ရှောင်လွဲမရတဲ့ သဘာဝတစ်ခုပါပဲ။ ကမ္ဘာ့တစ်ဝှမ်းလုံးမှာ ဆက်သွယ်ရေးကဏ္ဍတစ်ရပ်အနေနဲ့ မိုဘိုင်းဖုန်းတွေအသုံးပြုမူ ကြောက်ခမန်းလိလိတိုးတက်လာမူရဲ့နောက်မှာ လူသားတွေအပေါ် မိုဘိုင်းဖုန်းတွေရဲ့ ဆိုးကျိုးသက်ရောက်မူကို အဖြေရှာဖို့ အများသောလူသားတွေရဲ့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ သင့်ရော မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည် ဆိုးကျိုးအကြောင်းကို စိတ်ဝင်စားပါသလား။ ဖုန်းတွေရှိ မိုက်ခရိုလ်ဝေ့နှုန်းထဲမှာ လျှပ်စစ်သံလိုက် Radiation တွေကိုသုံးထားတဲ့အတွက် ဒါဟာ ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်စေတယ်လို့ တစ်ချို့တွေက ယုံကြည်နေကြပါတယ်။ ဒီလိုထင်မြင်မူတွေကြားမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အချက်အလက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေဟာ ရေရှည်အသုံးမူမှာ လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စနိင်ပါတယ်။

နောက်ပြီး မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည်တွေဟာ လူသားတွေကို ကင်ဆာဖြစ်စေနိင်တယ်ဆိုတာပါပဲ။ နိင်ငံတကာကင်ဆာဖောင်ဒေါ်ရှင်းရဲ့ သတ်မှတ်ချက်အရ မိုဘိုင်းဖုန်းဓာတ်ရောင်ခြည်သင့်မူကြောင့်ဖြစ်ပွားစေတဲ့ ကင်ဆာရဲ့ အဆင့်ဟာ 2B carcinogens ဖြစ်ပါတယ်။ နောက်ထပ်လေ့လာမူတွေအရ ဦးနှောက်အမြှေးပါးယောင်ရောဂါနဲ့ ပါးဖောင်းကင်ဆာတွေဖြစ်ပွားနိင်ခြေရှိတယ်လို့သိရပါတယ်။ အခြား အသုံးများရင် အဖြစ်များမှာကတော့ မှတ်ဥာဏ်လျော့နည်းလာတတ်ခြင်း၊ အကြားအာရုံကြောပြသနာ၊ မျက်စိပြသနာစတဲ့ ဖုန်းနဲ့ အနီးကပ်ဆုံး လူခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ထိခိုက်စေနိင်ပါတယ်။

ရောဂါဆိုလို သိပ်လည်းမကြောင့်ကြသွားပါနဲ့။ ဒါကို ကျန်းမာရေးသတိပေးတဲ့အနေနဲ့ရေးလိုက်တာ ဖြစ်ပါတယ်။ ယခုလို ဖြစ်ပွားနိင်ခြေတွေရှိတဲ့ အတွက် ဒီလိုအသိတွေရှိပြီး ဆင်ခြေမယ်ဆိုတော်ကာကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းပြောစရာရှိရင် အဆင်ပြေရင် မိုဘိုင်းဖုန်းနဲ့ ခေါ်မယ်အစား ရိုးရိုးအိမ်လက်ကိုင်ဖုန်းကိုအသုံးပြုပါ။ တကယ်လို့ မိုဘိုင်းဖုန်းနဲ့ခေါ်မယ်ဆိုရင်လည်း နားနဲ့မကပ်ပဲ ပြောကြားနိင်မဲ့ စပီကာ ဖွင့်လို့ပြောပါ။ နောက်ဆုံးမရမှသာ အသုံးပြုပါ။ ဒီလို သတိထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေး ကိုဂရုစိုက်နိင်မှာ ဖြစ်ပါတယ်။

ကျန်းမာရွှင်လန်းသော ဘ၀များကိုပိုင်ဆိုင်ကြပါစေ။

Credit:Smart Pro Journal

Post By:MMIT



Mobile Mother ဆိုင်နှင့် ဆိုင်ခွဲလိပ်စာများ

Headquarters - 26St, Bet: 76St & 77St, Haymarzala Quarter, Chan Aye Thar Zan Tsp, Mandalay
Ph: 02-72041,72042,30885,30886,30887,30889,30890, Fax: 02-72549

26St, Bet: 79St & 80St, Mandalay
Ph: 02-24151,24225,24164

Accessories Retail & Wholesale Centre - 26St, Bet: 76St & 77St, Mandalay
Ph: 02-30856,30857

Corner of 84St & 42St, Mandalay
Ph: 09-259004263

62St, Bet: 19St & 20St, Nanshae, Mandalay
Ph: 09-6803881

62St, Bet: Manawhari Road & Khine Shwe War Road, Mandalay
Ph: 02-82122

Manawhari Road, Bet: 49St & 50St, Mandalay
Ph: 09-444042929

Samsung Brand Shop - 26St, Bet: 79St & 80St, Mandalay
Ph: 09-420783551

Ovi Suite - No(105), Pyay Road, San Chaung Tsp, Yangon
Ph: 01-501891,501046,524481, 09-73045423,91005565

M3 Tech - No(150), La Thar Tsp, Yangon
Ph: 01-377925, 09-420106655,420106677,73239403