Tuesday, June 17, 2014

လက်ဗွေဖတ်စနစ် ပါဝင်ဖွယ်ရှိသည့် Huawei Honor 6 ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ဟန်းဆက်ကုမ္ပဏီ Huawei ၏ Honor 6 ဓာတ်ပုံများတွင် အွန်လိုင်းပေါ်တွင် ပေါက်ကြား ပေါ်ထွက်လာခဲ့ပြီး ၎င်းသည် ယခင် Huawei စမတ်ဖုန်း ဒီဇိုင်းများနှင့် တူညီသော်လည်း လက်ဗွေဖတ်စနစ် တစ်ခုပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က Huawei သည် ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် မီဒီယာပွဲတစ်ခု အတွက် ဖိတ်စာများ ပေးပို့ခဲ့ပြီးနောက် ၎င်းတွင် နံပါတ် ၆ ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည့် အတွက် အသစ်ထွက်မည့် စမတ်ဖုန်းကို Honor 4 အစား Honor 6 ဟုခေါ်ဆိုဖွယ်ရှိကြောင်း ဆိုသည်။

သတင်းပေါက်ကြားကာ ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ Honor 6 ဒီဇိုင်းသည် Samsung စမတ်ဖုန်း ဒီဇိုင်းနှင့် တူညီပြီး HTC One Max တွင် ပါဝင်သည့်အတိုင်း လက်ဗွေဖတ်စနစ် တစ်ခု ပါဝင်လာဖွယ်ရှိနေသည်။

အဆိုပါ Huawei Honor 6 တွင် စွမ်းဆောင်ရည်မြင့် hardware အချို့ ပါဝင်လာဖွယ်ရှိပြီး processor အနေဖြင့် Huawei ဌာနခွဲ Hisense က ထုတ်လုပ်ထားသည့် Kirin 920 1.3GHz octa-core chip ကို အသုံးပြုထားဖွယ်ရှိသည်။ RAM အနေဖြင့် Samsung Galaxy Note 3 နှင့် LG G3 တွင် ပါဝင်သည့်အတိုင်း 3GB ပါဝင်လာဖွယ်ရှိသည်။ Screen မှာ 1080p resolution နှင့် ဖော်ပြပေးနိုင်သည့် ၅ လက်မအရွယ် screen ကို အသုံးပြုထားသည်ဟုဆိုသည်။

Credit:Internet Journal

Post By:MMIT




4G ကွန်ရက်ကို အလွယ်တကူ ဖွင့်ပေးနိုင်သည်ဟု အော်ရီဒူးပြော

မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ပျမ်းမျှဝင်ငွေမြင့်တက်လာပြီး 4G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သော မိုဘိုင်းဟန်းဆက်များကိုင် ဆောင်လာနိုင်သည့်အခါ နောက် ဆုံးပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အလွယ်တကူဖွင့်ပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ မှပြောရေးဆို ခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။

"နိုင်ငံတကာမိုဘိုင်းဖုန်းဆက် သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ 4G အဆင့်စဖို့ဆိုတာမခက်ပါဘူး။ ဒါပေမယ့် အသုံးပြုသူလက်ထဲမှာ 4G ကွန်ရက်ကိုထောက်ပံ့ပေးနိုင်တဲ့ လက်ကိုင်ဖုန်းတွေရှိနေဖို့လိုပါ တယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှဝင် ငွေစံနှုန်းမြင့်တက်လာပြီး လူတိုင်း လက်ထဲမှာ 4G ကွန်ရက်အသုံးပြု နိုင်တဲ့ဟန်းဆက်တွေ ကိုင်ဆောင် လာနိုင်တဲ့အခါကြရင် ကွန်ရက်ကို ရုံးသုံးကွန်ပျူတာကနေ အဆင့် မြှင့်ပေးလိုက်ရုံပါပဲ" ဟု ဒေါ်သီရိ ကြာညိုကဆိုသည်။

လက်ရှိအချိန်၌ အော်ရီဒူး၏ အဓိက ပြိုင်ဘက်ဖြစ်သည့် တယ် လီနောသည် 2G နှင့် 3G ကွန် ရက်မိုဘိုင်းဖုန်းလိုင်းများကို ချ ထားပေးမည်ဖြစ်ပြီး အော်ရီဒူး သည် 3G အဆင့်မိုဘိုင်းဖုန်းလိုင်း တစ်ခုတည်းကိုသာချထားပေး မည်ဟု ကြေညာခဲ့ကြသည်။ ၄င်း တို့ကုမ္ပဏီနှစ်ခုသည် နောက်ဆုံး ပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အဆင့်သင့်ပြင်ဆင်ထား သော်လည်း မိုဘိုင်းဖုန်းလိုင်းများ ပထမအဆင့်စတင်အသုံးပြုခွင့် ပေးသည့်အခါ အဆိုပါကွန်ရက်ကို အသုံးပြုခွင့်ပေးအပ်သွားမည် မဟုတ်ကြောင်းသိရသည်။

"4G LTE စနစ်ကို ထောက်ပံ့ ပေးတဲ့ဟန်းဆက်တွေက ဈေး ကွက်ထဲမှာရောင်းအားနည်းသေး တယ်။ 4G ရဲ့အဓိက အားသာ ချက်ကတော့ ဗီဒီယိုစနစ်အရမ်း ကောင်းတာလို့ အကြမ်းဖျင်းပြော လို့ရတယ်။ ဈေးကွက်ထဲမှာ 4G စနစ်ကိုထောက်ပံ့ပေးတဲ့ ဟန်း ဆက်တွေ မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ Samsung ရဲ့ Note 3 ဆိုရင်လည်း 3G နဲ့ 4G ဆိုပြီး နှစ်မျိုး ဈေးကွက်ထဲမှာရှိနေတာပဲ။ ဒါပေမယ့် 4G စနစ်ပါလာရင် ဈေးက နှစ်သောင်းလောက်တော့ ကွာကြမယ်ထင်တယ်။ လူတွေက ဒီမှာလည်း 4G ကို သုံးလို့မရ တော့ ဈေးကြီးမသုံးကြတော့ဘူး" ဟု ACE ဟန်းဆက်အရောင်းဆိုင် မှ ဦးသန်းထိုက်ကပြောသည်။

အော်ရီဒူးမြန်မာသည် ၄င်းတို့ ၏ ဆင်းမ်ကတ်များကို လက်ကိုင် ဖုန်းများနှင့် တွဲဖက်ရောင်းချရန် ပြင်ဆင်ထားကြောင်း အဆိုပါ လက်ကိုင်ဖုန်းများသည် 3G ကွန် ရက်ကိုထောက်ပံ့ပေးနိုင်သည့် လက်ကိုင်ဖုန်းများဖြစ်ပြီး ဈေးနှုန်း ကို အများပြည်သူအသုံးပြုနိုင် သည့်ဈေးနှုန်းအဖြစ် သက်မှတ် ပေးသွားမည်ဖြစ်ကြောင်း ထုက် ပြန်ခဲ့သည်။ အလားတူ တယ်လီ နောသည်လည်း ၄င်းတို့၏ ဆမ်း ကတ်များကို မိုဘိုင်းဟန်းဆက် များနှင့် တွဲဖက်ရောင်းချပေးသွား မည်ဟုသိရသည်။

Credit:Internet Journal

Post By:MMIT


Ooredoo Myanmar သည် မေတ္တာနန္ဒဖောင်ဒေးရှင်းသို့ သွားရောက်လှူဒါန်း

ကာတာနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော Ooredoo Myanmar သည် နာဂစ်မုန်တိုင်းဒဏ်
ခံခဲ့ရသောသူများကို စောင့်ရှောက်ပေးနေသည့် မေတ္တာနန္ဒဖောင်ဒေးရှင်း (ယခင် Child Aid
Foundation) အတွက် လိုအပ်သည့်ပစ္စည်းများကို ဦးဆောင်ဆရာတော်များထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။ မေတ္တာနန္ဒဖောင်ဒေးရှင်းသည် မုန်တိုင်းဒဏ်ခံစားခဲ့ရသူများအတွက် အစားအသောက်၊ ယာယီတည်းခိုဆောင်၊ ရေ၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားပေးမှုများကို ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး Ooredoo Myanmar က ယင်းအတွက် ကူညီပေးခဲ့ခြင်းဟု
သိရသည်။ ကာတာနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်နေ၍ လူအချို့၏ ဝေဖန်မှုများရှိနေသော်လည်း
Ooredoo Myanmar သည် မြန်မာနိုင်ငံသားများအတွက် အဓိကအာရုံစိုက်သွားမည်ဖြစ်ပြီး ပြည်တွင်း၏
ကျန်းမာရေးကဏ္ဍနှင့် အမျိုးသမီးကဏ္ဍများ တိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံပိုးမှုများ
ပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။ မြန်မာအစိုးရ၏
တရားဝင်လိုင်စင်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ရရှိခဲ့သော Ooredoo Myanmar ကို
ဝေဖန်မှုများ၊ ဆန္ဒထုတ်ဖော်ပြသမှုများရှိနေသော်လည်း မြန်မာနိုင်ငံသားများအတွက် အဆင့်မြင့်
ဆက်သွယ်ရေးဝန်ဆောင်မှုများကိုပေးမည်ဟု ကတိပေးပြောကြားထားခြင်းများကြောင့် အားပေး
ထောက်ခံသူများလည်းရှိနေကြသည်။

Credit:Internet Journal

Post By:MMIT



5G နည်းပညာ ဖွံ့ဖြိုးမှုအတွက် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မည်

မျိုးဆက်သစ် networking နည်းပညာဖြစ်သော 5G ဖွံ့ဖြိုးတက်မှုအပေါ် အာရုံစိုက် လုပ်ဆောင်ရန်အတွက် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားတို့ ပူးတွဲဆောင်ရွက်မည်ဟု Wall Street Journal က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂသည် 5G စနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးတွဲ သုတေသနအဖွဲ့တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ပြီး ၎င်းအဖွဲ့သည် 5G နည်းပညာကို အနာဂတ်တွင် ထောက်ပံ့ပေးနိုင်ရန်အတွက် နည်းပညာ စံသတ်မှတ်ချက်များနှင့် ရေဒီယိုလှိုင်းနှုန်း ပြင်ဆင်ခြင်းတို့ကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဥရောပ၏ 5G PPP နှင့် တောင်ကိုရီးယား 5G Forum အဖွဲ့နှစ်ခုက စီမံဆောင်ရွက်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ အဆိုအရ တစ်နာရီစာ ကြာမြင့်သည့် high-definition ရုပ်ရှင်တစ်ခုကို 4G ကွန်ရက်များပေါ်မှ download ပြုလုပ်ရာတွင် ၆ မိနစ်ခန့် ကြာမြင့်မည် ဖြစ်သော်လည်း 5G နည်းပညာဖြင့် download ပြုလုပ်ရာတွင် ၆ စက္ကန့်သာ ကြာမြင့်မည်ဟု သိရသည်။ အဆိုပါ 5G နည်းပညာ၏ အမြန်နှုန်းသည် 1Gbps အထိ ရှိလာရန် မျှော်မှန်းထားပြီး မိုဘိုင်း 3D ပုံရိပ်များ၊ Ultra-HD နှင့် နောက်ဆုံးပေါ် အဆင့်မြှင့် လူမှုရေးကွန်ရက် ဝန်ဆောင်မှုများကို အထောက်အပံ့ပေးနိုင်မည်ဟု ဆိုသည်။

လက်ရှိတွင် LTE ကို အသုံးပြုသည့် နိုင်ငံ ၇၆ နိုင်ငံရှိကြောင်း၊ သို့သော်လည်း ကွန်ရက်လွှမ်းခြုံမှုနှင့် သုံးစွဲသူ၏ အတွေ့အကြုံတို့မှာ ကွာခြားကြောင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက OpenSignal မှ ထုတ်ပြန်ခဲ့သည့် ကွန်ရက်စောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယား အစိုးရသည် 5G ကွန်ရက်နည်းပညာ မိတ်ဆက်ပေးရန် စီစဉ်နေကြောင်းနှင့် ၎င်းနည်းပညာကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုရန် အသင့်ရှိနေမည်ဟု မျှော်လင့်ထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြားခဲ့သည်။ ထို့အပြင် Samsung နှင့် LG ကဲ့သို့သော နည်းပညာ ကုမ္ပဏီများ အပါအဝင် ပြည်တွင်း ကုမ္ပဏီများကလည်း အစိုးရနှင့် ဆွေးနွေးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် 5G အသုံးပြုနိုင်ရန် အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံ ရင်းနှီးမြှုပ်နှံဖွယ်ရှိကြောင်း သိရသည်။

Credit:Internet Journal

Post By:MMIT



Galaxy Note 4 တွင် ၅.၇ လက်မ QHD screen ပါဝင်မည်

Samsung ၏ Galaxy Note 4 တွင် ယခင် Note 3 အတိုင်း ၅.၇ လက်မ screen ကို အသုံးပြုထားသော်လည်း ၎င်းသည် QHD resolution ဖြင့် ဖော်ပြပေးနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သတင်းပေါက်ကြားမှုကြောင့် ထွက်ပေါ်လာခဲ့သည့် အချက်အလက်များအရ အဆိုပါ ထုတ်ကုန်တွင် မော်ဒယ်နံပါတ် SM-N910A ဟုရေးသားထားပြီး ၎င်းသည် AT&T မှ ဖြန့်ချိမည့် Galaxy Note 4 ကို ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Samsung Galaxy Note 4 တွင် ပါဝင်လာမည့် ၅.၇ လက်မ QHD screen သည် 2560x1440 resolution ဖြင့် ဖော်ပြပေးနိုင်မည် ဖြစ်သောကြောင့် Note 3 နှင့်အရွယ်အစားတူသော်လည်း ၎င်းထက် မြင့်မားသည့် resolution ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Note 4 အမေရိကန်ဗားရှင်းတွင် 2.7GHz Qualcomm Snapdragon 805 processor နှင့် optical image stabilization (OIS) ပါဝင်သော 16-megapixel ကင်မရာတို့ကို အသုံးပြုထားကြောင်း SamMobile ၏ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Samsung အနေဖြင့် Galaxy Note 4 ကို Apple ၏ ၄.၇ လက်မ iPhone 6 မဖြန့်ချိခင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

Credit:Internet Journal

Post By:MMIT


Apple နှင့်ယှဉ်ပြိုင်မည့် ကျန်းမာရေးခြေရာခံစနစ်ကို Google မိတ်ဆက်ဖွယ်ရှိ

iOS 8 အတွက် Health app ကို Apple က မိတ်ဆက်ပေးခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် Google က အလားတူ ကျန်းမာရေးခြေရာခံစနစ်ကို Google I/O ကွန်ဖရင့်စ်၌ မိတ်ဆက်ရန် စီစဉ်နေကြောင်း Forbes မှ ဖော်ပြခဲ့သည်။ အဆိုပါ ကျန်းမာရေးခြေရာခံစနစ်ကို Google Fit ဟု အမည်ပေးထားပြီး ၎င်းသည် ကျန်းမာရေးခြေရာခံထုတ်ကုန်များနှင့် app များမှ အချက်အလက်များကို စုပေါင်းကာ သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် ဖော်ပြပေးမည် ဖြစ်သည်။

Google Fit သည် open API ဟုခေါ်သည့် အချက်အလက်များကို app များမှ ဝေမျှနိုင်မည့် ညွှန်ကြားချက်များမှတစ်ဆင့် အချက်အလက်များကို ရယူစုဆောင်းပေးမည် ဖြစ်သည်။ ထို့အပြင် Google Fit သည် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်ခုမှ ခြေလှမ်းများနှင့် နှလုံးခုန်နှုန်းကဲ့သို့သော အချက်အလက်များကို ၎င်း၏ ဂေဟစနစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာမည့် Google ၏ cloud အခြေခံ ဝန်ဆောင်များဖြင့် ချိတ်ဆက် အသုံးပြုနိုင်စေမည်။

သို့ရာတွင် Google Fit ကို Android တွင် default အနေဖြင့် ပေါင်းစပ်ထည့်သွင်းရန်နှင့် သီးခြား app အနေဖြင့် ဖြန့်ချိရန် စီစဉ်ထားခြင်း ရှိ၊ မရှိကို အသေအချာ မသိရသေးကြောင်း Forbes က ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းက Google သည် Android Wear စီမံကိန်းကို စမတ်နာရီများကဲ့သို့ ဝတ်ဆင်နိုင်သော ထုတ်ကုန်များတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသုံးပြုမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် Google Fit သည် အမျိုးမျိုးသော Android Wear ထုတ်ကုန်များမှ အချက်အလက်များကို ရယူစုဆောင်းသည့် ဗဟိုစနစ်တစ်ခု ဖြစ်လာဖွယ်ရှိကြောင်း Forbes က သုံးသပ်ဖော်ပြခဲ့သည်။

မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Worldwide Developers Conference (WWDC) တွင် Apple က မိတ်ဆက်ပေးခဲ့သည့် Health feature သည် developer များအနေဖြင့် app များနှင့် အမျိုးမျိုးသော ထုတ်ကုန်များပေါ်တွင် ထည့်သွင်းတည်ဆောက်နိုင်စေမည့် feature ဖြစ်သည်။ ထို့အပြင် ၎င်း feature ကို Apple ၏ iWatch တွင်လည်း အဓိက feature အနေဖြင့် အသုံးပြုသွားဖွယ်ရှိသည်။

ကောလာဟလ သတင်းများကလည်း ယခုနှစ်ကုန်ပိုင်းတွင် iOS 8 ကို အများပြည်သူထံ ဖြန့်ချိသည့်အခါ၌ ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုစေမည့် biometric senseor များပါဝင်သော iWatch ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

Credit:Internet Journal


Post By:MMIT


M8 နဲ့ ပုံစံတူ ပလတ်စတစ် ဗားရှင်း HTC E8

ဇွန်လ ရဲ့ အစောပိုင်းမှာ ဈေးသက်သာ HTC ရဲ့ ပိုလီကာဗွန်နိတ် ပလတ်စတစ်သားဖြင့် HTC One E8 ဟာ ရောက်ရှိလာမှာ ဖြစ်တယ်လို့ အတည်ပြုပြီးထားပါတယ်။ HTC One E8 ဟာ အရင်ထွက်ရှိထားတဲ့ အမိုက်စား HTC M8 (သတ္တုဗားရှင်း) နဲ့ သိပ်ကို နီးစပ်ပြီး နောက်ထပ် ရက်သတ္တုပတ်အနည်းငယ်ခန့်မှာ သတ်မှတ်ထားတဲ့ ဈေးကွက်တွေဆီသို့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အပြာ၊ အနီ ၊ အမည်း နဲ့အဖြူတို့ကို ရရှိပါမယ်။ တစ်ချို့နိင်ငံတွေဆီမှာတော့ ဆင်းကဒ် (၂) ကဒ် ထည့်သွင်းနိင်တဲ့ Dual-SIM နဲ့လာမှာ ဖြစ်ပြီး ဖုန်းတစ်လုံးထဲမှာ ခေါ်ဆိုမူနှစ်ခုက်ု ရရှိစေပါမယ်။  M8 လို့ပဲ ၅လက်မအရွှယ် မျက်နှာပြင်ရှိပြီး 1080P ရှိထားပါတယ်။ အမြင့်စား ဗီဒီယိုတွေနဲ့ ဂိမ်းတွေကို ဈေးချိုချိုဖြင့် ကြည့်ရူခံစားရမှာ ဖြစ်ပြီး BoomSound အော်ဒီယို၊ Motion Launch gesture control ( နားကို ကပ်လိုက်သည့်နဲ့ အ၀င်ဖုန်းတို့ကို ဖြေကြားနိင်ခြင်း၊ ) တို့နဲ့အတူ ခံစားရရှိမှာပါ။ အနောက်ဘက် ပလတ်စတစ် ကာဗာမှာ ရှိတဲ့ ကင်မရာပိုင်းမှာတော့ M8 ရဲ့ နှစ်ဆရှိတဲ့ lens နဲ့မတူပဲ 13 megapixel ရှိတဲ့ ကင်မရာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ယနေ့တွေမှာ ကလေးတွေကြား ရေပန်းစားနေတဲ့ Selfie လို့ခေါ်တဲ့ ကိုယ်ပုံကို ကိုယ်ရိုက်ခြင်းများ ကို 5 Megapixel ရှိတဲ့ အရှေ့ ကင်မရာနဲ့ ရိုက်ကူးနိင်ဦးမှာ ဖြစ်ပါတယ်။  Dot View case လို့ခေါ်တဲ့ ဖုန်းရဲ့ ကာဗာကို အပြည့်မဖွင့်ဘဲ ဖုန်းကို အသုံးပြုရန်အတွက် အခြေခံလိုအပ်တဲ့ အချက်အလက်တွေကို အရှေ့ဖက်မှာ မြင်တွေ့နိင်တဲ့ ဖုန်း ကာဗာကိုလည်း ရရှိဦးမှာ ပါ။ HTC က အခုထိတော့ E8 ကို ကမ္ဘာ့ရဲ့ ဘယ်အပိုင်းတွေမှာ ရနိင်တယ်ဆိုတာ ပြောဖို့ရှိနေပါတယ်။

Credit:Smart Pro Journal

Post By:MMIT