===============================================
တန်ဖိုးကြီး စမတ်ဖုန်းများကို ထုတ်လုပ်သော Gresso က Regal Series စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။
Gresso Regal Gold ဟု အမည်ပေးထားပြီး အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ပေးထားပါသည်။
အလုံးရေ ၉၉၉ လုံး ထုတ်လုပ်ပေးထားပြီး တစ်လုံးစီတွင် ၁၈ ကာရက်ရွှေဝါကို
ဖုန်း၏ အနောက်ဘက် အခွံတွင် အလုံးရေ နံပါတ်အဖြစ် သွန်းလောင်းထားပါသည်။
ဖုန်း၏ ကိုယ်ထည်ကို ရွှေရောင် PVD-coated titanium ဖြင့် ပြုလုပ်ထားပါသည်။
အဆိုပါနည်းပညာသည် ခြစ်ရာများကို ပိုမိုခံနိုင်ရည်ရှိစေပါသည်။
ကိုယ်ထည်သည် Grade 5 Titanium အမျိုးအစားဖြစ်ပြီး အာကာသနည်းပညာနယ်ပယ်တွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။
၈.၈ မီလီမီတာ အထူရှိသော Regal Gold ဖုန်းကို ထုတ်လုပ်ရန် အချိန် ၈ နာရီကြာမြင့်ပါသည်။
Regal Gold တွင် Android OS မောင်းနှင်မည် ဖြစ်သော်လည်း ဗားရှင်းကို မသိရသေးပါ။
ငါးလက်မ 1080p Display ကို Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။
13MP Rear Camera, 5MP Front Camera, 2GB RAM, 32GB Storage ပါရှိပါသည်။
1.5GHz Quad-Core Processor မောင်းနှင်မည် ဖြစ်ပြီး 3G ကိုသာ အထောက်အပံ့ပေးပါသည်။ 4G ထောက်ပံ့မှုမပါရှိပါ။ ဘက်ထရီသက်တမ်းမှာ ခြောက်နာရီကြာ ဖုန်းပြောနိုင်ပါသည်။ Standby အသုံးပြုလျှင် နာရီ သုံးရာ အသုံးပြုနိုင်ပါသည်။ Regal Gold ၏ တန်ကြေးမှာ ဒေါ်လာ ၆၀၀၀ ၀န်းကျင်ဖြစ်ပါသည်။
Credit to Myanmar Digital Life Journal
Post By:MMIT