Friday, June 19, 2015

ငွေကျပ် သိန်းခြောက်ဆယ်တန် Gresso ၏ တန်ဖိုးကြီး Regal Gold Phone ကို ရောင်းချ

ငွေကျပ် သိန်းခြောက်ဆယ်တန် Gresso ၏ တန်ဖိုးကြီး Regal Gold Phone ကို ရောင်းချ
===============================================
တန်ဖိုးကြီး စမတ်ဖုန်းများကို ထုတ်လုပ်သော Gresso က Regal Series စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။
Gresso Regal Gold ဟု အမည်ပေးထားပြီး အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ပေးထားပါသည်။
အလုံးရေ ၉၉၉ လုံး ထုတ်လုပ်ပေးထားပြီး တစ်လုံးစီတွင် ၁၈ ကာရက်ရွှေဝါကို ဖုန်း၏ အနောက်ဘက် အခွံတွင် အလုံးရေ နံပါတ်အဖြစ် သွန်းလောင်းထားပါသည်။ ဖုန်း၏ ကိုယ်ထည်ကို ရွှေရောင် PVD-coated titanium ဖြင့် ပြုလုပ်ထားပါသည်။
အဆိုပါနည်းပညာသည် ခြစ်ရာများကို ပိုမိုခံနိုင်ရည်ရှိစေပါသည်။
ကိုယ်ထည်သည် Grade 5 Titanium အမျိုးအစားဖြစ်ပြီး အာကာသနည်းပညာနယ်ပယ်တွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။
၈.၈ မီလီမီတာ အထူရှိသော Regal Gold ဖုန်းကို ထုတ်လုပ်ရန် အချိန် ၈ နာရီကြာမြင့်ပါသည်။
Regal Gold တွင် Android OS မောင်းနှင်မည် ဖြစ်သော်လည်း ဗားရှင်းကို မသိရသေးပါ။
ငါးလက်မ 1080p Display ကို Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။
13MP Rear Camera, 5MP Front Camera, 2GB RAM, 32GB Storage ပါရှိပါသည်။
1.5GHz Quad-Core Processor မောင်းနှင်မည် ဖြစ်ပြီး 3G ကိုသာ အထောက်အပံ့ပေးပါသည်။ 4G ထောက်ပံ့မှုမပါရှိပါ။ ဘက်ထရီသက်တမ်းမှာ ခြောက်နာရီကြာ ဖုန်းပြောနိုင်ပါသည်။ Standby အသုံးပြုလျှင် နာရီ သုံးရာ အသုံးပြုနိုင်ပါသည်။ Regal Gold ၏ တန်ကြေးမှာ ဒေါ်လာ ၆၀၀၀ ၀န်းကျင်ဖြစ်ပါသည်။

Credit to Myanmar Digital Life Journal
Post By:MMIT




အရှေ့ဘက်တွင် 13MP Camera တပ်ဆင်ထားသော Asus ZenFone Selfie ကို ကြေညာ

အရှေ့ဘက်တွင် 13MP Camera တပ်ဆင်ထားသော Asus ZenFone Selfie ကို ကြေညာ
================================================
Asus က အရည်အသွေးမြင့်မားသော Selfie ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်သည့် Asus Zenfone Selfie စမတ်ဖုန်းအသစ်တစ်လုံးကို ကြေညာလိုက်ပါသည်။ အရှေ့ဘက်တွင် 13MP Camera တပ်ဆင်ပေးထားသည့်အတွက် Selfie နှစ်သက်သူများအတွက် သင့်တော်ပါသည်။
Asus ZenFone Selfie ၏ ကင်မရာနှစ်ခုစလုံးသည် LG G3 နှင့် G4 တို့ကဲ့သို့ Laser Auto Focus စွမ်းဆောင်ချက်ပါရှိပါသည်။ Android 5.0 Lollipop ကို Asus UI နှင့် တွဲဖက် အသုံးပြုထားပါသည်။ ၅.၅ လက်မ 1080p IPS LCD တပ်ဆင်ထားပြီး Qualcomm Snapdragon 615 မောင်းနှင်မည် ဖြစ်သည်။ 2GB or 4GB RAM နှစ်မျိုးရွေးချယ်နိုင်ပါသည်။
16/32/64GB Storage များ ထုတ်လုပ်ပေးထားပါသည်။
ဈေးနှုန်းနှင့် ရောင်းချမည့် နေ့ရက်ကို ကြေညာခြင်းမရှိသေးပါ။

Credit to Myanmar Digital Life Journal
Post By:MMIT

Asus Zenfone Selfie ZD551KL



Original ပစ္စည်းကောင်းလေးများ ကြိုက်သူများအတွက် Note 4 View Flip Cover

Original ပစ္စည်းကောင်းလေးများကြိုက်သူများအတွက်
Note 4 View Flip Cover
price - 37000