Sunday, June 15, 2014

Google က ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာရရှိရန် ပြုလုပ်ပေး

Google က ဘရာဇီး မှာ ကျင်းပမယ့် ၂ဝ၁၄ ကမ္ဘာ့ဖလားအတွက် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိရန် ပြုလုပ်ပေးလိုက်ပါသည်။ Google တွင် “World Cup” သို့မဟုတ် “World Cup USA” ဟု ရိုက်ပြီးရှာလျှင် နောက်ဆုံး သတင်းအချက်အလက်များ ၊ ကစားသမားများ၏ သတင်းများ ၊ ပွဲအခြေအနေများ ကို အချိန်နှင့် တစ်ပြေးညီ တစ်နေရာထဲတွင် ပြသပေးမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် Google Trends ဝန်ဆောင်မှု ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။

Twitter ကလည်း Google ကဲ့သို့ ကမ္ဘာ့ဖလားပွဲ ၏ နောက်ဆုံးရ သတင်းများကို ပြသပေးသည့် အစီအစဉ် ကို ပြုလုပ်ပေးမည် ဟု သိရပါသည်။

စမတ်ဖုန်းမှ Google Now တွင် ပွဲတွင် ပါဝင်မည့် လူစာရင်းများ၊ ကစားကွက်များ နှင့် အခြား သတင်းအချက်အလက်များကို ရှာရန် မလိုဘဲ ပြသပေးမည် ဖြစ်သည်။

Google က ကမ္ဘာ့ဖလား ဘောလုံးကွင်း (၁၂) ကွင်း ၏ အတွင်းပိုင်း သာမက အပြင်ပိုင်းကိုပါ Google Map ရှိ Street View တွင် ကြည့်နိုင်ရန် ပြုလုပ်ပေးထားပါသည်။ ဘောလုံးကွင်းများကို အောက်ကလင့်

မှတစ်ဆင့် ကြည့်နိုင်ပါသည်။

https://www.google.com/maps/views/streetview/brazils-world-cup-stadiums?gl=us 


ဆေးရောင်စုံများ ခြယ်သထားသည့် ဘရာဇီးလမ်းမများကို အောက်ကလင့်မှတစ်ဆင့် ကြည့်နိုင်ပါသည်။

https://www.google.com/maps/views/streetview/brazils-painted-streets?gl=us

Credit:Myanmar Digital Life Journal

Post by:MMIT


No comments:

Post a Comment