Sunday, June 15, 2014

SoundCloud ကို ဝယ်ယူရန် Twitter စီစဉ်နေဟုဆို

နာမည်ကျော် microblogging ဆိုက်ဖြစ်သည့် Twitter သည် သီချင်းနှင့် အသံဖိုင်များကို ဝေမျှပေးသည့် SoundCloud ကို ဝယ်ယူရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို Recode က ဖော်ပြချက်အရ သိရသည်။
 

ဘာလင်အခြေစိုက် SoundCloud သည် သုံးစွဲသူများက ဝက်ဘ်ပေါ်တွင် အသံဖိုင်များကို တင်ကာ ဝေမျှပေးနိုင်သည့် အခမဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုသူသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် သန်း ၂၅၀ ရှိခဲ့သည်။

အကယ်၍ Twitter အနေဖြင့် SoundCloud ကို ဝယ်ယူဖြစ်ခဲ့ပါက အဆိုပါ ဝယ်ယူမှုသည် Twitter အတွက် အကြီးမားဆုံး ဝယ်ယူမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ ယခုနှစ် အစောပိုင်းက ကုမ္ပဏီ၏ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၆၀ ရှိပြီး ကုမ္ပဏီ၏ တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ရှိကြောင်း SoundCloud က ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း Twitter က အများပိုင်အဖြစ်သို့ ပြောင်းလဲရန် စီစဉ်ခဲ့ချိန်တွင် MoPub မိုဘိုင်းကြော်ငြာ ကုမ္ပဏီကို ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့သည်။

SoundCloud ဝယ်ယူရန် ကြိုးပမ်းမှုသည် သုံးစွဲသူများအား သီချင်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဝေမျှခြင်းတို့ ပြုလုပ်နိုင်စေရန် Twitter ၏ ဒုတိယမြောက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Twitter သည် stand-alone Twitter Music app ကို ဖြန့်ချိခဲ့သော်လည်း မတ်လတွင် အဆိုပါ app အသုံးပြုခွင့်ကို Twitter က ရပ်ဆိုင်းခဲ့သည်။

Credit:Internet Journal

Post By:MMIT


No comments:

Post a Comment