ပါးလျသည့် ထောင့်မှန်စတုဂံ display ပါဝင်သော Apple ထုတ်ကုန်တစ်ခုကို ဇူလိုင်လတွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
Apple က ငှားရမ်းထားသည့် Quanta
သည် အောက်တိုဘာလထက် နောက်မကျဘဲ မိတ်ဆက်ပေးရန် စီစဉ်သည့် အနေဖြင့်
ဝတ်ဆင်နိုင်သောထုတ်ကုန်ကို ဇူလိုင်လတွင် စတင်ထုတ်လုပ်မည် ဖြစ်ကြောင်း Reuters က ဖော်ပြခဲ့သည်။
အဆိုပါ စမတ်နာရီကို iWatch ဟု အမည်ပေးထားပြီး အရွယ်အစား ၂.၅ လက်မရှိသည့်
display တစ်ခု ပါဝင်ကြောင်း အထက်ပါ သတင်းဌာနက ပြောကြားခဲ့သည်။ ယခင်
သတင်းဖော်ပြချက်များတွင်မူ Apple ၏ နာရီသည် သေးငယ်ဖွယ်ရှိပြီး အရွယ်အစား
၁.၅ လက်မထက် မပိုကြောင်း၊ ၎င်းကို စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင်
မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
အကယ်၍ Apple အနေဖြင့်
စမတ်နာရီ တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါက ကိုယ်ပိုင် စမတ်နာရီ
ထုတ်လုပ်ထားကြသည့် Samsung, Sony နှင့် LG တို့ဖြင့် ခက်ခက်ခဲခဲ
ယှဉ်ပြိုင်ရဖွယ်ရှိသည်။
Apple စမတ်နာရီနှင့် ပတ်သက်၍ ကောလာဟလ
သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ကုမ္ပဏီအနေဖြင့်
လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုများ မပြုလုပ်သေးပေ။
Reuters ၏
အဆိုအရ Apple စမတ်နာရီ၏ မျက်နှာပြင်သည် လက်ပတ်ကြိုးမှ အပေါ်သို့ အနည်းငယ်
မြင့်တက်နေပြီး ၎င်းတွင် ကြိုးမဲ့အားသွင်းစနစ်များနှင့် touch interface
တို့ပါဝင်ကြောင်း သိရသည်။
Apple သည် စမတ်နာရီ တင်ပို့ရောင်းချမှုကို ပထမနှစ်အတွင်း အလုံးရေ သန်း ၅၀ ရှိရန် မျှော်မှန်းထားကြောင်း Reuters က ဖော်ပြခဲ့သည်။
Ref: CNET
Post By: MMIT

No comments:
Post a Comment