ဘရာဇီးလ် အကျော်အမော် နေမာ အပါအဝင် ထိပ်တန်း
ဘောလုံး ကစားသမားအချို့ တပ်ဆင်အသုံးပြုကြသည့် Beats by Dr.Dre
နားကြပ်များကို ကွင်းအတွင်း အသုံးမပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က တားမြစ်လိုက်သည်။
ယခုကဲ့သို့ Beats နားကြပ်များ အသုံးမပြုရန် တားမြစ်ခြင်းသည့်
ကမ္ဘာ့ဖလားပြိုင်ပွဲကို Sony က စပွန်ဆာပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်း
သိရသည်။
ယခုကဲ့သို့ ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် Beats
နားကြပ်များ အသုံးပြုခွင့် တားမြစ်ခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။
ပြီးခဲ့သည့် နွေရာသီက ပြုလုပ်ခဲ့သည့် London Olympics တွင် ကမ္ဘာ့ထိပ်တန်း
အားကစားသမားများထံသို့ Beats က နားကြပ်ထောင်ပေါင်းများစွာ အခမဲ့
ပေးပို့ခဲ့သော်လည်း ပြိုင်ပွဲစပွန်ဆာမှာ Beats မဟုတ်သည့် အတွက်
ကမ္ဘာ့အိုလံပစ်ကော်မတီက တားမြစ်ခဲ့ဖူးသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်
ဘောလုံး ကစားသမားကဲ့သို့ပင် အိုလံပစ် ကစားသမားများကို စပွန်ဆာပေးထားသည့်
နားကြပ်များ တပ်ဆင် အသုံးပြုခြင်းကိုလည်း ထိုစဉ်က ပိတ်ပင်တားမြစ်ခဲ့သည်။
ပြီးခဲ့သည့်လက Apple သည် Beats ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့်
ဝယ်ယူခဲ့ပြီးနောက် အဆိုပါ Beats အမှတ်တံဆိပ်ကို ဂီတနှင့် အားကစားလောကတွင်
ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Apple က ပြောကြားခဲ့သည်။
Credit:Internet Journal
Post By:MMIT

No comments:
Post a Comment